ပန်းပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှာ ၀န်ထမ်းအများကြီးခေါ်နေပါတယ်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် ပန်းပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် အောက်ပါရာထူးများကို ခန့်အပ်သွားမည် ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများ အမြန်ဆုံး လျှောက်ထားနိုင်ပါသည်။

အမှတ်စဉ် (၁) ဒုတိယကျောင်းအုပ် (၁) ဦး
-စီမံခန့်ခွဲမှု၊ သင်ကြားရေးနှင့် လေ့ကျင့်ရေးတို့တွင် တက်ကြွစွာ ဦးဆောင်နိုင်သူဖြစ်ရန် လိုအပ်ပါသည်။
-ပညာရေးနှင့်ပတ်သက်သော လုပ်ငန်းများတွင် အတွေ့အကြုံ အနည်းဆုံး (၅)နှစ် ရှိရန်လိုအပ်ပါသည်။
-အသက် (၄၀) နှစ်နှင့် အထက်ဖြစ်ရပါမည်။

အမှတ်စဉ် (၂) အလယ်တန်းပြ ဆရာ/ ဆရာမ (၆) ဦး
-မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထ၀ီ၊ သမိုင်း၊ အထွေထွေသိပံ္ပ ဘာသာရပ်များအတွက်၊ တက္ကသိုလ်မှ သက်ဆိုင်ရာဘွဲ့ ရရှိထားပြီး၊ သင်ကြားရေးတွင် စိတ်ပါဝင်စားသူ၊ လုပ်ငန်းအတွေ့အကြုံရှိသူ၊ ကျောင်းသင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်သည့်အပြင် လက်တွေ့လုပ်ငန်းများကိုလည်း တက်ကြွစွာ ဦးဆောင်သင်ကြားပေးနိုင်သူ ဖြစ်ရပါမည်။

အမှတ်စဉ် (၃) Computer Teacher (၁)ဦး
-B.C.Sc / B.C. Tech မှ ဘွဲ့ရရှိပြီးသူ၊ Computer ဘာသာရပ်တွင် သင်ကြားရေး အတွေ့အကြုံရှိသူ ဖြစ်ရပါမည်။

အမှတ်စဉ် (၄) မူကြို လက်ထောက်ဆရာမ (၂) ဦး
-တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူ ဖြစ်ရပါမည်။
-ECCD သင်တန်းတက်ရောက် အောင်မြင်ပြီးသူ ဖြစ်ရန်လိုအပ်ပါသည်။
လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိရန်လိုအပ်ပါသည်။
-ကလေးများအပေါ် စိတ်ရှည်သည်းခံနိုင်သူ၊ ကလေးများအတွက် စံနမူနာအဖြစ် ရပ်တည်လိုသူဖြစ်ပြီး၊ ကလေးများနှင့်အတူ လှုပ်လှုပ်ရှားရှား နေနိုင်သူဖြစ်ရပါမည်။
-အဆို၊အကများကို ၀ါသနာပါသူဖြစ်ပြီး၊ ကလေးများကို ပြန်လည်သင်ကြားပေးနိုင်သူဖြစ်ရပါမည်။
-လိုအပ်ပါက ကိုယ်ပိုင်ချိန်တွင် အခမဲ့ နည်းပညာသင်တန်း တက်ရောက်နိုင်သူဖြစ်ရပါမည်။

အမှတ်စဉ် (၅) စီမံအုပ်ချုပ်ရေးပိုင်း Admin (၁) ဦး
-Microsoft Word, Excel, Pagemaker စသည်တို့ကို အင်္ဂလိပ်/ မြန်မာ နှစ်မျိုးလုံးဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူ ဖြစ်ရန် လိုအပ်ပါသည်။
-အများနှင့် ဆက်ဆံရာတွင် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူဖြစ်ရပါမည်။
အစိုးရရုံးနှင့် ပက်သတ်သော ရုံးကိစ္စများကို ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။

လျှောက်ထားလိုသူများသည်-
ပြည့်စုံစွာဖြည့်စွက်ထားသော ကိုယ်ရေးရာဇ၀င်၊
(၃)လအတွင်း ရိုက်ထားသော ဓါတ်ပုံ (၁)ပုံ
မိမိအောင်မြင်ပြီးမြောက်ထားသော ပညာအရည်အချင်း အထောက်အထား စာရွက်စာတမ်းများ မိတ္တူ
မှတ်ပုံတင်မိတ္တူ
အိမ်ထောင်စုဇယားမိတ္တူ
ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းမှ ထောက်ခံချက်
ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ
အလုပ်သမားကဒ်မိတ္တူ
ရပ်ကွက်ထောက်ခံစာ တို့ဖြင့်
( ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် ) နောက်ဆုံးထားပြီး၊ အောက်ပါလိပ်စာသို့ ရုံးချိန်
(နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီ) အတွင်း၊ လာရောက် လျှောက်ထားနိုင်ပါသည်။

လိပ်စာ၊ အမှတ် ၇၂/၉ ကမ္ဘောဇလမ်း ၊ရေအေးကွင်းရပ် ၊
တောင်ကြီး။

မှတ်ချက် ။။ စာသင်နှစ် (၁)နှစ် တာဝန်ထမ်းဆောင်နိုင်သူများကိုသာ ရွေးချယ်ခန့်ထားမည် ဖြစ်ပါသည်။ လက်ရှိကျောင်းတက်နေဆဲ၊ ကျောင်းမပြီးသေးသူများကို ခန့်ထားမည် မဟုတ်ပါ။